

ယုံကြည်ခြင်းက အားဖြည့်ပေးသည်
ဂျေဒီသည် အာဖရိကနိုင်ငံများစွာသို့ သွားရောက်ခဲ့ရာ၊ သူ၏ခရီးစဥ်များတွင် အံ့ဩမိန်းမောဖွယ်ရာ မြင်ကွင်းများကို ကိုယ်တွေ့မြင်တွေ့ခဲ့ရသည်။ ဇမ်ဘီယာနိုင်ငံအရှေ့ပိုင်းမှ ကျွန်ုပ်တို့ကို သူပေးပို့သော မက်ဆေ့ဂျ်စာတွင် သုံးနှစ်တာ ဧဝံဂေလိစီမံကိန်းကို တင်ပြသည့် ယုံကြည်ခြင်းပြည့်ဝသော အမျိုးသမီးများ၏ ဓာတ်ပုံများပါရှိသည်။ “ဒီစီမံကိန်းက ကျွန်တော့်ဘဝမှာကြားဖူးသမျှ နည်းဗျူဟာအကျဆုံး တင်ပြချက်တွေပဲ။ ဝှိုက်ဘုတ်ပေါ်မှာမဟုတ်ဘဲ၊ မြေကြီးပေါ်မှာ ပုံဆွဲပြတယ်။ မိတ္တူစာရွက်တွေ ဝေပေးတာထက် သူတို့လုပ်မဲ့အစီအစဥ်တွေကို တွန့်ကြေနေတဲ့စက္ကူချပ်ပေါ်မှာ ရေးပြီး၊ အမျိုးသမီးနှစ်ဦးက အဲဒီစာရွက်ကို ထောင်ပြီး/ကိုင်ပြီး ပြသတယ်။ တကယ်ပဲ။ မယုံနိုင်စရာကြီး”ဟု သူရေးခဲ့သည်။
သူတို့သည် သခင်ယေရှုတန်ဖိုးထားသော ယုံကြည်ခြင်းမျိုးကို ဖော်ပြနေသည်။ (မ ၁၅:၂၁-၂၈)တွင် အခြားသော ဥပမာတစ်ခုကို မှတ်တမ်းတင်ထားသည်။ သမီးလေး ၏အခြေအနေကြောင့် မိခင်တစ်ဦးသည် ကိုယ်တော်ကို ရှာဖွေခဲ့သည်။ “ဒါဝိဒ်၏ သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်”ခဲ့သည် (မ ၁၅:၂၂)။…

အသက်ရှင်ခြင်းနှင့် သေခြင်း
ကျမ်းကျိန်ပြီးသည်နောက် အခမ်းအနားများတက်ရောက်ခြင်း၊ ချမှတ်သောမူဝါများကို လက်မှတ်ထိုးအတည်ပြုခြင်းအပြင် ရှောင်လွှဲမရသော အဖြစ်မှန်အခြေအနေများက အမေရိကန်သမ္မတသစ်များအား စောင့်ကြိုနေသည်။ သူတို့ သည် သူတို့၏အသုဘအခမ်းအနားအတွက် အစီအစဥ်ချမှတ်ရသည်။ သူတို့ သေဆုံးသောအခါ စီစဥ်ထားသည့်အတိုင်း နိုင်ငံတော်က သူတို့အသက်တာကို ဂုဏ်ပြုရန် ပြင်ဆင်ပေးလိမ့်မည်။ သမ္မတ ဘုရှ်(George H. W. Bush)အား သူ၏ အောက်မေ့ဘွယ်အခမ်းအနားအတွက် ကိုယ်တိုင်စီစဥ်ထားရခြင်းက ထူးဆန်းနေသလားဟုမေးရာ၊ သူက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျင့်သားရနေရမယ်”ဟု တုံ့ပြန်ခဲ့သည်။ သမိုင်းပညာရှင်များက သူတို့ချန်ရစ်ခဲ့သော အမွေအနှစ်များအကြောင်း ရေးသားလိမ့်မည်။ သို့သော် နိုင်ငံတော်အတွက် သူတို့ပေးဆပ်မှုများ၊ သူတို့၏ကိုယ်ပိုင်ဘဝနှင့် အစဥ်အလာအရ လုပ်ဆောင်မည့်အခမ်းအနားနှင့် သူတို့အား အမှတ်ရစေမည့်အစီအစဥ်များကို သမ္မတများက ချမှတ်ရသည်။
သေခြင်းတရားသည် ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရမည့် ကြေကွဲဖွယ်အမှန်တရားဖြစ်သည်။ ဘဝအဓိပ္ပာယ်ကို ပျော်ရွှင်မှု၊ အလုပ်၊ အသိပညာ၌ ရှာဖွေခဲ့သူ ရှောလမုန်မင်းသည် အဆုံး၌ အလုံးစုံတို့သည် အနတ္တဖြစ်သည်ဟု သိရှိခဲ့ပြီး၊…
ဘေးဒုက္ခအန္တရာယ်ကို ကြောက်စရာမလို
၁၈၅၉ ခုနှစ်တွင် သမိုင်းတွင်သော အကြီးဆုံး ဆိုလာမုန်တိုင်းကြီး ဖြစ်ပေါ်ခဲ့ပြီး၊ ၎င်းကို “Carrington Event”ဟုခေါ်သည်။ ၎င်းသည် ဆက်သွယ်ရေးစံနစ်များကို အနှောင့်အယှက်ဖြစ်စေသည့် ကြီးမားသော ကမ္ဘာ့သံလိုက်စက်ကွင်းအန္တရာယ်တစ်ခုဖြစ်သည်။ “Space.com”ဝက်ဘ်ဆိုက်မှ သံလိုက်စက်ကွင်း ပမာဏကြောင့် ဖြစ်ပေါ်သည့်ဆိုလာမုန်တိုင်းသည် ယနေ့ခေတ်၌ ဖြစ်ပေါ်လာပါက အင်တာနက်စနစ်များကို ပျက်စီးစေနိုင်ကြောင်း“ ဆိုထားသည်။
နိမိတ်မကောင်းသော “apocalypse” ဟူသည့် စကားလုံးသည် ကျွန်ုပ်တို့၏အာရုံကို ဖမ်းစားသည်။ ၎င်းသည် ဂရိဘာသာစကားဖြင့် ဗျာဒိတ်ကျမ်း (apokalypsis) ကို အမည်ပေးထားခြင်းဖြစ်သည်။ သို့သော် ထိုစကားလုံး သည် ကပ်ဘေးဒုက္ခ၊ ကမ္ဘာပျက်ကိန်းကို ညွှန်းသည့်အဓိပ္ပာယ်မျှသာ မဟုတ်ပေ။ ဗျာဒိတ်ကျမ်းဟူသော ခေါင်းစဥ်သည် ဖွင့်ပြခြင်း၊ ဖော်ထုတ်ခြင်းကိုလည်း ရည်ညွှန်းသည်။
ကျမ်းအဖွင့်၌ “ ...ယေရှုခရစ်(၏) ... ဗျာဒိတ်တော်ကို ဆိုပေအံ့”ဟု ရေးသားထားသည် (ဗျာ ၁:၁)။ ဗျာဒိတ်ကျမ်းတွင် ယေရှုအား ဘုရားသခင်၏သိုးသူငယ်ဟု ဖော်ပြထားပြီး၊…


အကွာအဝေးကို ကျော်လွန်နိုင်သောမေတ္တာ
“သူတို့မြင်ကွင်းက ပျောက်သွားတဲ့အထိ ငါတို့လက်ပြနေတာ။ ဒါက သူတို့ကို ချစ်ကြောင်းဖော်ပြတဲ့ နည်းတစ်နည်းပဲ”။ ထိုစကားကို ကျွန်တော်ငယ်စဥ်က အမေ့ထံမှ ကြားနေကျဖြစ်ပြီး၊ ဆွေမျိုးတစ်ဦး အလည်လာပြီး ပြန်သွားတိုင်း အမေနှင့်အဖေတို့ ပြုလေ့ရှိသည့်အကျင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အဖေနှင့်အမေသည် အိမ်အပြင်ဘက်တွင် ရပ်ကာ၊ ထွက်ခွာသွားသူများ အဝေးသို့ရောက်ပြီး ပျောက်ကွယ်သွားသည်အထိ လက်ပြနှုတ်ဆက်သည်။ တစ်ခါတစ်ရံ အချိန်အတော်ကြာသည်အထိ သူတို့ရပ်နေရလည်း ကိစ္စမရှိပါ။ ကျွန်တော်ကိုယ်တိုင် အိမ်မှထွက်ခွာသွားသည့်အခါတွင် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
နောက်ကြည့်မှန်မှတစ်ဆင့် သူတို့လက်ပြနေသည်ကို ကြည့်ရင်း ကျွန်တော့်နှလုံးသား၌ အချစ်ခံရခြင်း၊ ဂရုစိုက်ခံရခြင်းကို ခံစားမိသည်။ ကျွန်တော့်ထံအလည်လာသည့် မိသားစုဝင်များအား ချစ်မေတ္တာကို ဖော်ပြရန် ထိုနည်းလမ်းအတိုင်း ကျွန်တော်နှုတ်ဆက်ဆဲဖြစ်သည်။ ကျွန်တော်၏သားသမီးများ ဆက်လက်ကျင့်သုံးမည့် အလေ့အကျင့်ဖြစ်ရန်လည်း မျှော်လင့်မိသည်။
မိသားစုဝင်များအတွက် ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်မည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ သမ္မာကျမ်းစာ၌ ဖော်ပြသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ချိတ်ဆက်ပေးခြင်းဖြစ်သည်။ ယော်ဒန်မြစ်ကို ကူးပြီး ကတိတော်ပြည်သို့ဝင်စားရန်…
ကောင်းမြတ်သောခံစစ်
ဘတ်စကတ်ဘောကွင်းတွင် ကျွန်မတို့မြေး၏ခုနစ်တန်းကျောင်းသား အသင်းသည် အနိုင်ရရန် အကောင်းဆုံးကစားခဲ့ကြသည်။ တိုက်စစ်ဖြင့် ကစားရန်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည်။ သို့သော် သူတို့၏နည်းပြက ဂိုးသွင်းပြီးတိုင်း မိမိကွင်းဘက်သို့ အမြန်နေရာယူလျက် (သူတို့မကစားချင်သော) ခံစစ်ဖြင့် ကစားရန် ညွှန်ကြားခဲ့သည်။ လူတိုင်းက အနိုင်ရချင်သည်။ သို့သော် ဂိုးမပေးရအောင် ကြိုးစားခုခံ ကာကွယ်ရန် မည်သူမျှ ဆန္ဒရှိပုံမရပါ။
နည်းပြက ပြိုင်ဘက်ကစားသမားများ၏ လှုပ်ရှားမှုများကို ကြိုတင်မျှော်လင့်ထားရန် အဓိကသင်ကြားပေးသည်။ အရှေ့သို့ပြေးကာ ဘောလုံးကို ဖြတ်ဖမ်းခြင်း (သို့) ဘောလုံး လှမ်းပစ်ပေးခြင်းက တစ်ဘက်အသင်းအမှတ်မယူနိုင်အောင် ကန့်လန့်တားဆီးခြင်းဖြစ်ပြီး မိမိအသင်းအောင်နိုင်ရေးကို အထောက်အကူပြုသည်။
ကျွန်မတို့ရန်သူ၏လှုပ်ရှားမှုများကို ကြိုတင်စောင့်ကြည့်သည့် ခံစစ်ပရိယာယ်သည် ကျွန်မတို့၏ ဝိညာဥ်ရေးအသက်တာအတွက်လည်း အထောက်အကူဖြစ်စေသည်။ ထိုရန်သူက မည်သူနည်း။ “သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မြိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏”(၁ ပေ ၅:၈)။ ထို့ကြောင့် “သမ္မာသတိရှိလျက် မအိပ်ဘဲ…